• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt & Road တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်တွင် အောင်မြင်မှုစာတမ်းထုတ်ပြန်

(GMT+08:00) 2018-07-04 15:29:13

ယခုလ ၂ရက်နေ့မှ ၃ရက်နေ့အထိ Belt&Road တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်ကို ပီကင်းမြို့တွင်ကျင်းပခဲ့ကြောင်း၊ Belt&Roadတလျှောကရှိနိုင်ငံများမှ အစိုးရအရာရှိများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်ပုဂိုလ်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၃၅၀ကျော်တို့ အစည်းအဝေးသို့တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးခွန်ရှန်ရုတ်နှင့် တရုတ်ဥပဒေ ပညာရှင်များအသင်း အမြဲတမ်းဒုဥက္ကဋ္ဌချိန်ကြည့်ဖိန်တို့သည် ယင်းဖိုရမ်၏ ဥက္ကဋ္ဌဖြစ်ကြကြောင်း၊ ဖိုရမ်၏ အရေးကြီးသော အောင်မြင်မှုအဖြစ် Belt&Road တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်ဥက္ကဋ္ဌကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

   Webradio