• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ၇၂ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Miroslav Lajčák နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-07-04 14:50:42

      တရုတ်နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၃ ရက်နေ့ က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံဥက္ကဋ္ဌ Miroslav Lajčák နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ တရုတ်ပြည်အနေနှင့်၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှုကျားကန်ပေးရေးတွင် ကုလသမဂ္ဂမှပါဝင်သည့် အရေးကြီးအခန်းကဏ္ဍအပေါ်တွင် လည်းကောင်း၊  ဘက်ပေါင်းစုံပါဝင်ဆောင်ရွက်ရေး ဖြစ်စဉ်အပေါ်တွင် လည်းကောင်း၊ ကုလသမဂ္ဂကို အမြုတေထားသည့် နိုင်ငံတကာစနစ် အပေါ်တွင် လည်းကောင်း စွဲစွဲမြဲမြဲဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

Miroslav Lajčák ကလည်း ကုလသမဂ္ဂလုပ်ငန်းများနှင့် ဘက်ပေါင်းပါဝင် ဆောင်ရွက်ရေးကို တရုတ်ပြည်မှ ထောက်ခံအားပေးခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio