• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားတွင် ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ခြင်းကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံး

(GMT+08:00) 2018-07-04 14:40:54

အင်ဒိုနီးရှားနိုင်ငံတွင် လူ ၁၃၉ ဦးတင်ဆောင်ထားသော ကူးတို့သင်္ဘောသည် ယခုလ ၃ ရက်နေ့က အင်ဒိုနီးရှားတောင်စူလာဝေစ် ပြည်နယ်အနီးရှိပင်လယ်ရပ်ဝန်းတွင် တိမ်းမှောက် ခဲ့ပြီး လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ပဏာမစုံစမ်းစစ်ဆေးမှုအရ ယင်းတိမ်းမှောက်မှုသည် သင်္ဘော၏တစ်ဘက်ခြမ်း ရေစိမ့်ဝင်ခြင်းကြောင့် ဖြစ်စေခြင်းဖြစ်ကြောင်း၊ကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာ ဆောင်ရွက်နေသေးကြောင်း သိရပါသည်။

   Webradio