• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကမ္ဘောဒီးယားသံတမန်ဆက်ဆံရေးထားရှိခဲ့သော နှစ် ၆၀ ပြည့်နှစ် ဧည့်ခံပွဲကို ဖနွမ်းပင်မြို့တွင်ကျင်းပ

(GMT+08:00) 2018-07-04 14:40:28

    ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ဦးစီးကျင်းပသော တရုတ်-ကမ္ဘော ဒီးယား သံတမန်ဆက်ဆံရေးထားရှိခဲ့သော နှစ် ၆၀ ပြည့် ဧည့်ခံပွဲကို  ယခုလ ၂ ရက်နေ့က ဖနွမ်းပင်မြို့တွင်ကျင်းပခဲ့ကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်စိန်နှင့်ဇနီး၊ တရုတ်နိုင်ငံတကာသံတမန်ဆက်ဆံရေးအသင်းဒုဥက္ကဋ္ဌ ဟူကျင့်ရွက်၊

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးရှုန်ဘော်နှင့်ဇနီးစသည့်နှစ်နိုင်ငံနယ်ပယ်အသီးသီးမှ ပုဂိုလ်များတက်ရောက်ကြကြောင်းစီအာအိုင်သတင်းအရ သိရပါသည်။

ဟုန်စိန်က မိန့်ခွန်းပြောကြားခဲ့ရာ ကြာရှည်သောအချိန်ကာလအတွင်း ကမ္ဘောဒီးယားအားကူညီထောက်ပံ့သော တရုတ် မိတ်ဆွေများအားကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

   Webradio