• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံတကာ တရားဥပဒေ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလို

(GMT+08:00) 2018-07-04 08:41:26

ပီကင်း၌ ကျင်းပသော Belt and Road တရားဥပဒေ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ဖိုရမ် အကြောင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ လူခမ်းက၊ ဖိုရမ်မှ ထုတ်ပြန်သော ပူးတွဲ သဘာပတိ ကြေညာချက်တွင်၊ အတူ တိုင်ပင်၊ အတူ တည်ဆောက်၊ အတူ မျှဝေခံစားရေးမူ အခြေခံပေါ်တွင် တရားဥပဒေ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လိုကြောင်း၊ သက်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း စနစ်များကို လိုက်နာပြီး ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အငြင်းပွါးမှုများကို တက်ကြွစွာ ကြိုတင်ကာကွယ်ပြီး သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကြောင်း၊ Belt and Road တရားဥပဒေ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြထားသည်ဟု ယခုလ ၃ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

လူခမ်းက၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ နိုင်ငံတကာ တရားဥပဒေ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

   Webradio