• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ နှုတ်​ထွက်သည့်အချိန်သည် စောသေး သည်ဟု အမေရိကန် ကူး​သန်း​ရောင်း​ဝယ်​ရေး​၀န်ကြီးက ဆို

(GMT+08:00) 2018-07-03 14:37:17
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသေးသော ယခုချိန်တွင် အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်သည့်အချိန် စောသေးသည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရောဇ် (Ross) က ယခုလ ၂ရက်နေ့က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။ အမေရိကန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်ခြင်းက လွှတ်တော်ပူတွဲဆုံးဖြတ်ချက် အတည်ပြုခြင်း လိုအပ်ကြောင်း၊ အမေရိကန်မှ အောက်လွှတ်တော်က ၂၀၀၀ပြည့်နှစ်နှင့် ၂၀၀၅ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်ခြင်း၏ပူတွဲဆုံးဖြတ်ချက်ကို မဲဆန္ဒပေးခဲ့သော်လည်း အတည်မပြုခဲ့ကြောင်း အမေရိကန်နိုင်ငံရေးဝက်ဆိုက် ၂ရက်နေ့က ထုတ်ပြန်သော သတင်းအရ သိရပါသည်။
   Webradio