• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်နိုင်ပြီး ဘယ်လ်ဂျီယံနှင့်ဘရာဇီး နောက်တစ် ဆင့်တက်

(GMT+08:00) 2018-07-03 14:03:16

မနေ့ညက ကမ္ဘာ့ဖလားပြိုင်ပွဲ(၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို ဆက်လက် ကစားခဲ့ရာ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ ဘရာဇီးနှင့်မက္ကစီကိုတို့ပွဲစဉ်တွင် ဘရာဇီးအသင်းက (၂)ဂိုးပြတ်ဖြင့်နိုင်ပြီး (၁၄)ကြိမ်မြောက်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါ တယ်။ ဘရာဇီးအသင်းအတွက်ဂိုးတွေကိုတော့ ပွဲကစားချိန် (၅၁)မိနစ်မှာ နေမာ၊ (၈၈)မိနစ် မှာ ဖာမီနိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပွဲစဉ်ဖြစ်တဲ့ ဘယ်လ်ဂျီယံနှင့် ဂျပန်အသင်းတို့ပွဲစဉ်မှာတော့ ဘယ်လ် ဂျီယံအသင်းက(၃)ဂိုး(၂)ဂိုးဖြင့်နိုင်ပြီး တတိယအကြိမ်အဖြစ်ကွာတားဖိုင်နယ်ကို တက် ရောက်နိုင်ခဲ့ပါတယ်။ ဂျပန်အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့ဟာ ပထမပိုင်းပွဲကစားချိန် မှာ တစ်ဘက်နှင့်တစ်ဘက် ဂိုးယူသွင်းနိုင်ခြင်းမရှိပဲ ပြီးစီးသွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲပြန် အစ (၄၈)မိနစ်နှင့် (၅၁)မိနစ်တို့မှာ ဂျပန်အသင်းက ဦးဆောင်ဂိုး(၂)ဂိုးသွင်းယူပြီး ဘယ်လ် ဂျီယံ အသင်းကိုဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ ဒလစပ်တိုက် စစ်ဆင်မှုတွေကြောင့် (၆၉)မိနစ်နဲ့ (၇၄)မိနစ်တွေမှာ ချေပဂိုးပြန်လည်ပေးခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအတွက် အနိုင်သေချာစေတဲ့ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ နာဆာချာဒီးက သွင်းယူပေးခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဂျပန်အသင်းရဲ့ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမယ့် အိပ်မက်ပျက်ပယ်သွားခဲ့ပြီး (၁၆)သင်းအဆင့်နှင့်သာ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွါသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းကတော့ နောက်တစ်ဆင့်ကွာတား ဖိုင်နယ်မှာ ဘရာဇီးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

ဒီကနေ့မှာလည်း (၁၆)သင်းရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ်တွေအဖြစ်  မြန်မာ စံတော်ချိန် ည(၈)နာရီခွဲမှာ ဆွီဒင်နှင့် ဆွစ်ဇာလန်၊ ည (၁၂)နာရီခွဲမှာ အင်္ဂလန်နှင့် ကိုလံဘီ ယာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

   Webradio