• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပို့ဆောင်ရေး ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲမည်

(GMT+08:00) 2018-07-03 09:40:08

ယခုနှစ်များတွင် တရုတ်နိုင်ငံ၏ ကုန်စည် ပို့ဆောင်မှု ပမာဏ၊ ဆိပ်ကမ်း ကုန်တင် ကုန်ချမှု ပမာဏနှင့် ကုန်သေတ္တာ တင်ချမှု ပမာဏနှင့် အချောထည် ပမာဏများမှာ ကမ္ဘာ့ အများဆုံး ဖြစ်လာသည့် တစ်ချိန်တည်းတွင် ပို့ဆောင်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံနှင့် အလုပ်တွင်ကျယ်မှုဆိုင်ရာ ပြဿနာ အချို့ တည်ရှိနေသေးကြောင်း၊ ကားလမ်း ပို့ဆောင်မှု ဆိုင်ရာ အချိုးအစား များလွန်းအားကြီးခြင်းသည် လေထုညစ်ညမ်းမှု အခြေအနေ ပိုမို ပြင်းထန်ဆိုးရွားလာစေနေကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ လာမည့် သုံးနှစ် အတွင်း အမြောက်အများသော ကုန်စည် ပို့ဆောင်မှုကို လက်ရှိ ကားလမ်း ပို့ဆောင်မှုအား အဓိက ထားနေခြင်းမှ ရေကြောင်းနှင့် ရထား ပို့ဆောင်မှုကို အဓိကထားခြင်းသို့ ပြောင်းလဲသွားအောင် တွန်းအားပေး ဆောင်ရွက်မည်ဟု ယခုလ ၂ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

၂ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် လမ်းပန်း ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူရှောင်မင်က၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ တစ်ပြည်လုံး ရထား ကုန်တင် ပို့ဆောင်မှု ပမာဏမှာ တန်ချိန် သန်း ၁၁၀၀ တိုးသွားမည် ဖြစ်ပြီး ရေကြောင်း ကုန်စည် ပို့ဆောင်မှု ပမာဏမှာ တန်ချိန် သန်း ၅၀၀ တိုးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio