• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နီ​ပေါ​သည် ဇူလိုင်လအလယ်ပိုင်းတွင် တရုတ်ပြည်ကို ဦချိုတစ်ခုသာရှိသည့်ကြံ့ နှစ်ကောင်ကို လက်ဆောင်ပေးရန် အစီအစဉ်ရှိ

(GMT+08:00) 2018-07-02 15:33:57
နီပေါနိုင်ငံသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် တရုတ်ပြည်ကို ဦးချိုတစ်ခုသာရှိသည့် ကြံ့အတီးနှစ်ကောင်ကို လက်ဆောင်ပေးရန် စီမံကိန်းချထားကြောင်း၊ နီပေါနိုင်ငံတော်ဥယျာဉ်နှင့် သဘာဝတောရိုင်း သတ္တဝါ ကာကွယ်ရေးဌါနမှ တာဝန်ခံတစ်ဦး က နီပေါအစိုးရသည် ယခုဘဏ္ဍာရေးနှစ်တွင် တရုတ်ပြည်သို့ ဦးချိုတစ်ခုသာရှိသည့် ကြံ့နှစ်ကောင်ကို လက်ဆောင်ပေးရန် စီမံကိန်းချထားခဲ့ပြီး လက်ဆောင်ပေးရန် ယာယီသတ်မှတ်ထားသော ရက်စွဲမှာ ဇူလိုင်လ ၁၂ရက်နေ့ ဖြစ်သည်ဟု ဇွန်လ ၁ရက်နေ့က ပြောကြားခဲ့ကြောင်း၊ နီပေါနိုင်ငံသည် လာမည့်ဘဏ္ဍာရေးနှစ်တွင် တရုတ်ပြည်သို့ ဦးချိုတစ်ခုသာရှိသည့် ကြံ့နှစ်ကောင်ကို လက်ဆောင်ထပ်ပေးရန် စီမံကိန်းချထားကြောင်း၊ ဤလက်ဆောင်ပေးသည့် စီမံကိန်းကို ယခုနှစ်ဇွန်လကထုတ်ပြန်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နီပေါနိုင်ငံ ပူးတွဲကြေညာချက်၌ ရေးသားဖေါ်ပြခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
   Webradio