• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖရိကသမဂ္ဂ ၃၁ကြိမ်မြောက်ထိပ်သီးများအစည်းအဝေးကျင်းပခြင်းအပေါ် ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00) 2018-07-02 15:15:45

       တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁ ရက်နေ့က မော်ရီတေးနီးယား နိုင်ငံ နွာ့ခ်ရှော့မြို့တော်၌ ကျင်းပသည့် အာဖရိကသမဂ္ဂ ၃၁ ကြိမ်မြောက် ထိပ်သီးများ အစည်းအဝေးထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

       ထိုသို့ပေးပို့သော သဝဏ်လွှာတွင် ရှီကျင့်ဖိန်က၊ အာဖရိကသမဂ္ဂသည်၊ အာဖရိကနိုင်ငံ များ စည်းလုံးညီညွတ်စေပြီး ကိုယ့်အားကိုကိုး၍ လုံးပန်းအားထုတ်သော အလံတော် ဖြစ်ကြောင်း၊  အာဖရိကသမဂ္ဂအနေနှင့်၊ အာဖရိကနိုင်ငံများကို ဦးဆောင်ပြီး၊ ပိုမိုကြီးမားသော အောင်မြင်မှုများအဆက်မပြတ်ရရှိရန် စေနာသန့်သန့်ဖြင့်ဆုမွန်ကောင်း တောင်လိုက်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio