• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားနျူကလီးယားအဆောက်အအုံများကို တစ်နှစ်အတွင်း ဖျက်ပစ်နိုင်ရန် စီမံကိန်းရေးဆွဲချမှတ်ပြီဟု အမေရိကန် ဆို

(GMT+08:00) 2018-07-02 15:15:00

     အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံမှုရေးရာလက်ထောက် John Bolton က၊ အမေရိကန်သည်၊ စီမံကိန်းကို ရေးဆွဲချမှတ်ပြီး၊ မြောက်ကိုးရီးယားနိုင်ငံရှိ နျူကလီးယား လက်နက်အများစုကြီးနှင့်     ဒုံးခွင်းဒုံးကျည်အဆောက်အအုံများကို တစ်နှစ်အတွင်း ဖျက်ပစ်နိုင် မည်ဖြစ်ကြောင်း ယခုလ ၁ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုနေ့က အမေရိကန် CBS အသံလွှင့်ဌာနမှ အင်တာဗျူးကို လက်ခံခဲ့ရာ၌၊ Bolton က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည်၊ မကြာမီရက်များတွင် ယင်း စီမံကိန်း နှင့်စပ်လျဉ်း၍ မြောက်ကိုးရီးယားဘက်နှင့် စေ့စပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရ သည်။

 

 

   Webradio