• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟန်ကျင့်သည် စင်ကာပူဒုဝန်ကြီးချုပ် ထီချီဟိန်နှင့် တွေ့ဆုံ

(GMT+08:00) 2018-07-02 14:45:37

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကော်စီ ဒုဝန်ကြီးချုပ် ဟန်ကျင့်သည် ဇွန်လ ၂၉ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီးတွင် စင်ကာပူဒုဝန်ကြီးချုပ် ထီချီဟိန်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဟန်ကျင့်က၊ တရုတ်နှင့် စင်ကာပူသည် အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စင်ကာပူ၌ ခရီးလှည့်လည်ခဲ့စဉ်တွင် နှစ်နိုင်ငံတို့သည် အချိန်နှင့် တပြေးညီ ဖြစ်သော ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို ထားရှိခဲ့ကြောင်း ပြောကြားပါသည်။

ထီချီဟိန်ကလည်း၊ စင်ကာပူသည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို လွန်စွာ အလေး ထားကြောင်း၊ လွတ်လပ်စွာ ကုန်သွယ်ရေးကို တလျှောက်လုံး ထောက်ခံပါကြောင်း ပြောကြားပါသည်။

   Webradio