• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားသားများ ဘာဖြစ်လို့ တရုတ်ပြည်မှာ မူပိုင်ခွင့် ကျူးကျော်ထိပါးရေးဆိုင်ရာ တရားစွပ်စွဲမှု ပြုလုပ် ကြတာလဲ

(GMT+08:00) 2018-07-02 12:21:59

အမေရိကန်က အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ဖို့ ရက်စွဲ နီးကပ်လာတာနဲ့အမျှ၊ တရုတ်နဲ့ အမေရိကန် သံအဆက်အသွယ် ထားရှိခဲ့တဲ့နောက်ပိုင်း အတိုင်းအတာ အကြီးမားဆုံးသော၊ ထိခိုက်မှု အပြင်းထန်ဆုံးသော ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွါးတော့မယ်။ အမေရိကန်က အဲဒီ ကုန်သွယ်ရေး စစ်ပွဲ လှုံ့ဆော်တဲ့ အကြောင်းရပ် တစ်ခုကတော့ တရုတ်ပြည်ရဲ့ ပညာ မူပိုင်ခွင့် ထိန်းသိမ်းမှု ထိထိရောက်ရောက် မရှိခြင်းပဲ ဖြစ်တယ်။ ဒါပေမဲ့ ဒါဟာ အဖြစ်မှန် မဟုတ်ဘူး။

ဗြိတိန် Raconteur ကုန်သွယ်ရေး ဝက်ဘဆိုက်မှ သတင်းအရ၊ တရုတ်ပြည်၏ တရားစွပ်စွဲမှု စုံစမ်းစစ်ဆေးခြင်းဟာ ပွင့်ပွင့်လင်းလင်းရှိပြီး တရားမျှတတာကြောင့် ပြီးခဲ့တဲ့နှစ်များက နိုင်ငံခြား ကုမ္ပဏီများစွာတို့က တရုတ်ပြည်မှာပဲ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွါးမှု ဖြေရှင်းဖို့ ရွေးချယ်နေကြတယ်။ ၂၀၁၅ ခုနှစ်က နိုင်ငံခြား ကုမ္ပဏီ ၆၅ ခုဟာ ပီကင်း ပညာမူပိုင်ခွင့် တရားရုံးမှာ တခြားကုမ္ပဏီများက မူပိုင်ခွင့် ကျူးကျော်ထိပါးတယ်လို့ စွပ်စွဲပြီး နောက်ဆုံးမှာ အောင်နိုင်ခဲ့ကြပါတယ်။

နိုင်ငံခြားသားများက တရုတ်ပြည်မှာ မူပိုင်ခွင့် ကျူးကျော်ထိပါးရေးဆိုင်ရာ တရားစွပ်စွဲ ကြတာဟာ တရုတ်ပြည်ရဲ့ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးစနစ်ကို ယုံကြည်အားထား နေတာကို ပြသနေပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များကပဲ တရုတ်နိုင်ငံဟာ ကုန်တံဆိပ် ဥပဒေ၊ မူပိုင်ခွင့် ဥပဒေနဲ့ စာပေရေးရာ ဥပဒေများကို ထုတ်ပြန်ပြီး လက်တွေ့ လိုအပ်ချက်နဲ့ အညီ ပြင်ဆင်မှုနဲ့ ဆန်းသစ်မှုများကိုလည်း ပြုလုပ်ခဲ့တယ်။ ၁၉၉၀ ပြည့်လွန်နှစ်များက တရားရုံးချုပ်မှာ ပညာ မူပိုင်ခွင့် ခုံရုံးကို ထားရှိပြီး တစ်ပြည်လုံး ဒေသအရပ်ရပ်မှ ပညာ မူပိုင်ခွင့်ဆိုင်ရာ အယူခံမှုများကို သီးသန့် ကြပ်မတ် စစ်ဆေးပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားအား ပေးဆောင်တဲ့ ပညာ မူပိုင်ခွင့် စရိတ် နှစ်စဉ် တိုးတက်မှုနှုန်းဟာ ၁၇ ရာခိုင်နှုန်း ရှိပြီး ၂၀၁၇ ခုနှစ် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၈့ ၆ ဘီလိယံ ရှိတယ်လို့ သတင်းရရှိပါတယ်။

ဒါကြောင့် အမေရိကန်က ပညာ မူပိုင်ခွင့်ဆိုင်ရာ အကြောင်းပြချက်နဲ့ တရုတ်ပြည်ကို ရည်စူးပြီး ကုန်သွယ်ရေး စစ်ပွဲ လှုံ့ဆော် ပြုလုပ်တဲ့ တကယ် ရည်မှန်းချက်ဟာ တရုတ်ပြည် သိပံ္ပနည်းပညာ ဖွံ့ဖြိုးမှုနဲ့ စီးပွါးရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြပါတယ်။

   Webradio