• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ပအွန်လိုင်းကနာမည်ကြီးပုဂ္ဂိုလ်များ ဟာရ်ပင်ခရီးစဉ် လှုပ်ရှားမှု တရားဝင်စတင်

(GMT+08:00) 2018-07-02 11:55:40

 

 

ဇွန်လ ၃၀ ရက်နေ့က စီအာအိုင်အွန်လိုင်းဝက်ဘဆိုက်နှင့် ဟာရ်ပင်မြို့ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံုးတို့ ကြီးမှူးကျင်းပသော တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးနှစ် ၄၀ ပြည့် ပြည်ပအွန်လိုင်းက နာမည်ကြီးပုဂ္ဂိုလ်များ ဟာရ်ပင်ခရီးစဉ် လှုပ်ရှားမှုကို တရားဝင်စတင် ခဲ့သည်။ ၅ ရက်ကြာခရီးစဉ်တွင် ယူမေးနီးယား၊ ယူကရိန်း၊ ဆာဗီးယား၊ မြန်မာ၊ ဖိလစ်ပိုင် စသည့် နိုင်ငံ ၈ နိုင်ငံမှ ပြည်ပအွန်လိုင်းကနာမည်ကြီးပုဂ္ဂိုလ်များ တရုတ်နိုင်ငံ၏ ရေခဲမြို့ဖြစ် သည့် ဟာရ်ပင်သို့ သွားရောက်လေ့လာမည်ဖြစ်သည်။

ပြည်ပအွန်လိုင်းက နာမည်ကြီးပုဂ္ဂိုလ်များ ခရီးလှည့်လည်ရေးအဖွဲ့သည် သွားရောက် သည့် ပထမနေရာမှာ ဟာရ်ပင်မြို့ ထုန်ဟိုခရိုင်ဖြစ်ပြီး ထုန်ဟိုခရိုင်က အဓိကခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ဆာဗီးယားအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနက ဒုအယ်ဒီတာချုပ် Bojan Brkic က ထုန်ဟိုခရိုင်သည် တရုတ်နိုင်ငံ၏ ခရိုင်အဆင့် မြို့တစ် မြို့ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဇီဝခရီးသွားရေးနယ်ပယ်မှ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်သည် အံ့ဖွယ်ရာဖြစ်ကြောင်း၊ ဆာဗီးယားနိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်းလည်း ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးမြို့တည်ထောင် ရေးကို ရှေ့တန်းနေရာတွင် တည်ရှိကြောင်း၊ ထို့ကြောင့် ထုန်ဟိုခရိုင်၏ ဖွံ့ဖြိုးရေးနမူနာကို မိမိတို့က မှီငြမ်း၍ ရကြောင်း၊ မိမိသည် တရုတ်နိုင်ငံဆိုင်ရာသတင်းကို စိတ်ဝင်စားပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ထုန်ဟိုခရိုင်အကြောင်းကို တစ်ကမ္ဘာလုံး မိတ်ဆက်မည်ဖြစ်ကြောင်း ပြောကြားသည်။

လာမည့်၎ရက်အတွင်း ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဟာရ်ပင်ဇုန်သစ်၊ ဟာရ်ပင်စီးပွား ရေးဖွံ့ဖြိုးရေးဇုန်သို့ သွားရောက်ပြီး ဟာရ်ပင်မြို့ပြစီမံခန့်ခွဲရေးပြတိုက်၊ ဝမ့်တာနှင်းလျှောစီးကွင်း၊ ပေတာ့ဟွမ်ပြတိုက် စသည့်နေရာသို့ သွားရောက်လေ့လာမည် ဟု သိရသည်။

   Webradio