• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်မှုကို အဟန့်အတား ပြုခြင်းသည် အလုပ်အကိုင် နေရာချထားမှုကို တိုးမြှင့်မည် မဟုတ်ဟု WTO ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00) 2018-07-02 10:53:27

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ပြောရေးဆိုခွင့်ရှိသူ ရော်ကဝယ်က၊ မျက်မှောက် အချိန်တွင် နိုင်ငံတကာ ကုန်သွယ်ရေး ဆက်ဆံမှု တင်းမာခြင်းမှာ စင်စစ်အားဖြင့် ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ငွေကြေး အကျပ်အတည်း ဂယက်ရိုက်ခတ်မှု၏ နောက်ဆက်တွဲ ဖြစ်ရပ် တစ်မျိုး ဖြစ်ကြောင်း၊ ကုန်သွယ်မှုကို အဟန့်အတား ပြုခြင်းသည် နိုင်ငံတွင်း အလုပ်အကိုင်နေရာကို တိုးချဲ့နိုင်မည် မဟုတ်ဘဲ စီးပွါးရေး၏ အခြားနယ်ပယ်များတွင် တင်းမာမှုများ တိုးနိုင်မည်သာ ဖြစ်ကြောင်း၊ WTO မူဘောင်အတွင်း အငြင်းပွါးမှု ကိုင်တွယ် ဖြေရှင်းရေး စနစ်သည် မျက်မှောက် ကုန်သွယ်ရေး တင်းမာမှုကို ဖြေရှင်းရန် အရေးကြီး နည်းလမ်း တစ်ခု ဖြစ်ကြောင်း မကြာမီက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

ရော်ကဝယ်က၊ WTO အငြင်းပွါးမှု ကိုင်တွယ် ဖြေရှင်းရေး စနစ်သည် ပြီးပြည့်စုံသည်ဟု မဆိုရကြောင်း၊ အမေရိကန်၊ တရုတ်နှင့် ဥရောပ အပါအဝင် WTO အဖွဲ့ဝင်နိုင်ငံများစွာ တို့သည် အငြင်းပွါးမှု ဖြေရှင်းရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုခဲ့ကြောင်း ပြောကြားပါသည်။

   Webradio