• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် သတင်းအတု ဖန်တီးပြီး နိုင်ငံတကာမိသားစုကြီးအား လိမ်ညာ

(GMT+08:00) 2018-07-02 09:25:09

မကြာမီက တရုတ်အစိုးရသည် ၂၀၁၈ ခုနှစ် နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ဝင်ခွင့်ပြုရေး အထူး စီမံအုပ်ချုပ်ရေး ဆောင်ရွက်မှု စာတမ်းကို ထုတ်ပြန်ပြီး တစ်ဆင့်တိုး တံခါးဖွင့်ရေး ဆောင်ရွက်မှုများကို ပြုလုပ်နေပါသည်။ ယင်းတို့အနက် ဘဏ်လုပ်ငန်း၏ နိုင်ငံခြား ငွေရင်း အစုရှယ်ယာ အချိုးအစား ကန့်သတ်မှုကို ဖျက်သိမ်းခြင်း၊ စတော့ရှယ်ယာ၊ ရန်ပုံငွေ၊ ကြိုတင်ရောင်းကုန်၊ အသက်အာမခံ လုပ်ငန်း ကုမ္ပဏီများ၏ နိုင်ငံခြား ငွေရင်း အစုရှယ်ယာ အချိုးအစားကို ၅၁ ရာခိုင်နှုန်းအထိ ချောင်လည်အောင် ထားရှိပေးခြင်းနှင့် ၂၀၂၁ ခုနှစ်တွင် အချိုးအစားဆိုင်ရာ ကန့်သန်မှုများ အားလုံး ဖျက်သိမ်းခြင်း စသဖြင့် ပါဝင်ထားပါသည်။ ယင်းသည် တရုတ်ပြည် စီးပွါးရေးမှာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသို့ မြှင့်တင် ပြောင်းလဲစဉ်ကာလ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးစီးပွါး မျှဝေခြင်း တစ်ရပ် ဖြစ်ပါသည်။

သို့သော် အမေရိကန်မှ ထုတ်ပြန်သော ၃၀၁ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင်၊ တရုတ်နိုင်ငံသည် အမေရိကန်အား အတင်းအဓမ္မ နည်းပညာ လွှဲပြောင်းစေသည်ဟု ပြစ်တင် ဝေဖန်ခဲ့သည်။

လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်နိုင်ငံသည် အတင်းအဓမ္မ နည်းပညာ လွှဲပြောင်းရေး ဆိုင်ရာ သဘောတူစာချုပ် တစ်စုံတစ်ခု ချုပ်ဆိုခြင်း မရှိသလို တရုတ်အစိုးရကလည်း အတင်းအဓမ္မ နည်းပညာ လွှဲပြောင်းစေသည် ဟူသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ၏ တိုင်ကြားချက် တစ်စုံတစ်ခုကိုမှ ရရှိခြင်း မရှိပေ။

မကြာမီက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း စာမိုစ်က အမေရိကန် မီဒီယာနှင့် တွေ့ဆုံရာမှာ၊ အမေရိကန် အစိုးရ အနေနှင့် နည်းပညာ ဦးစီးနေရာ ထိန်းသိမ်းရန် အကယ်စင်စစ်သော နည်းလမ်းမှာ တရုတ်ပြည်အား ဖိနှိပ်ရန် မဟုတ်ဘဲ ကိုယ်တိုင်၏ နည်းပညာ ရှေ့ပြေးဖြစ်လာအောင် ကြိုးပမ်းရန် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

အမေရိကန်သည် အမဲကို အဖြူ ဖြစ်အောင် ပြောပြီး သတင်းအတုကို ဖန်တီးကာ တရုတ်ပြည်၏ အသရေကို ဖျက်ဖို့ ကြံဆနေသည်။ အမေရိကန်၏ ဗိုလ်ကျစိုးမိုးရေးနှင့် ရန်ငြိုးထားသည့် ဆောင်ရွက်မှု မှသာ အမေရိကန်၏ အကြီးဆုံးရန်သူပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

   Webradio