• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျန်ကြားဟိုရွာ(ပထမပိုင်း)

(GMT+08:00) 2018-07-01 13:47:28

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ (တရုတ် ရိုးရာ သက္ကရာဇ် ၁၂မြောက်လ ၂၅ရက်) နံနက် ၁၁နာရီ အချိန်လောက်မှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ တရုတ် အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ် ဟွမ်ထူ-ကုန်းပြင်မြင့်ဒေသမှာ တည်ရှိတဲ့ ကျေးရွာ ကလေးကို ပြန်လည် ရောက်ရှိခဲ့တယ်။ ယခုနှစ်ဟာ ရှီကျင့်ဖိန် အဲဒီ ကျေးရွာကလေး ဖြစ်တဲ့ လျန်ကြားဟိုရွာမှ ထွက်သွားခဲ့တာ နှစ်ပေါင်း ၄၀ကြာ ရှိတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ လျန်ကြားဟို ကျေးရွာမှာ ၇နှစ်ကြာ အလုပ်လုပ်၊ နေထိုင်ခဲ့ဖူးတယ်။ ရွာသူရွာသားများ ရှီကျင့်ဖိန် လာရောက်တဲ့ သတင်းကို ကြားသိတဲ့နောက် ကျေးရွာဝင်ပေါက်ကို သူ့ထက်ငါဦး ပြေးသွားကြတယ်။ အတူနေထိုင် စားသောက်ခဲ့ကြတဲ့ ရွာသူရွာသားများကို တွေ့ရတဲ့ အတွက် ရှီကျင့်ဖိန်ဟာလည်း စိတ်အင်မတန် လှုပ်ရှားမိတယ်။ ရွာသူရွာသားများဟာ ရှီကျင့်ဖိန်ကို ဝိုင်းအုံပြီး စကားစမြည်ပြောကြတယ်။

ကျေးရွာ ကော်မတီ အဆောက်အအုံရဲ့ ဂိတ်ရှေ့မှာ ရောက်ရှိတဲ့ အခါ လျန်ကြားဟို ကျေးရွာ ပါတီကလာပ်စည်း အတွင်းရေးမှူးဟောင်း လျန်ယွိမင်ကို တွေ့ရပြီး ရှီကျင့်ဖိန်ဟာ သူနဲ့ လက်ဆွဲကာ စကားစမြည် ပြောခဲ့တယ်။ အခု လျန်ကြားဟို ရွာသူရွာသားများရဲ့ နေထိုင်မှု ဘဝ ကောင်းမွန်လာပြီး ဆန်၊ ဂျုံမုန့်နဲ့ အသားတွေကို စားချင်တဲ့အခါ စားနိုင်တာကို သိရှိပြီး ရှီကျင့်ဖိန်က အင်မတန် ဝမ်းသာပါတယ်။ သူက  ရွာသူရွာသားများ ရဲ့နေထိုင်မှု ဘဝ ကောင်းမွန်လာတဲ့ အတွက် ကျွန်တော် စိတ်ချတယ်လို့ ပြောကြားတယ်။

၁၉၇၅ခုနှစ်က ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုရွာမှ ထွက်သွားခဲ့တယ်။ ဒီအကြိမ်ဟာ သူ့ ဒုတိယ အကြိမ် ပြန်ရောက်လာတာ ဖြစ်တယ်။ ၁၉၉၃ခုနှစ် ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုရွာကို တစ်ကြိမ် ပြန်လာခဲ့တယ်။

၁၉၉၃ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့က အဲဒီအချိန်တုန်းက ဖူကျန့်ပြည်နယ် ကွန်မြူနစ်ပါတီ ကော်မတီ အမြဲတမ်း အဖွဲ့ဝင်၊ ဖူကျိုးမြို့ ကွန်မြူနစ်ပါတီ ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်တဲ့ ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုရွာကို ပထမ အကြိမ် ပြန်ရောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ရှီကျင့်ဖိန်ဟာ တစ်အိမ်ပြီး တစ်အိမ်ကို သွားရောက် ကာ ရွာသူရွာသားများကို ကြည့်ရှုခဲ့တယ်။ ရှီကျင့်ဖိန်က ရွာသူရွာသားများအား ဝမ်းဝခါးလှ ဖြစ်ရေး ပြဿနာကို ဖြေရှင်းရတယ်၊ ပညာရေး ပြဿနာကိုလည်း ဖြေရှင်းရတယ်လို့ ပြောကြားတယ်။ ရှီကျင့်ဖိန်က လျန်ဟိုကြားရွားရှိ ကလေးများ ကျောင်းတက်ရာမှာ အသုံးပြုဖို့ ရွာသူရွာသား အိမ်တိုင်းကို အီလက်ထရောနစ် နာရီ တစ်လုံးစီကို ပေးခဲ့တယ်။ ရှီကျင့်ဖိန်က ကလေးများဟာ ကောင်းမွန်တဲ့ ပညာရေးကို လက်ခံရရှိနိုင်ဖို့ မျှော်လင့်တယ်။

၂၀၁၅ခုနှစ် တရုတ် ရိုးရာနှစ်သစ်မှာလျန်ကြားဟိုရွာကို ဒုတိယအကြိမ် ပြန်ရောက်လာတဲ့ အခါမှာ ရှီကျင့်ဖိန်က ကိုယ်ပိုင်ပိုက်ဆံထုတ်ပြီး ရွာသူရွာသား အိမ်တိုင်း အတွက် ဆန်၊ ဂျုံမှုန့်၊ စားသုံးဆီ၊ အသား၊ တရုတ် ရိုးရာ နှစ်သစ် နှစ်ချိုးစပ် စာတန်းနဲ့ နှစ်သစ်ကူး မင်္ဂလာ ပန်းချီကားတွေကို ဝယ်ပေးခဲ့တယ်။

၁၉၆၉ခုနှစ်မှ ၁၉၇၅ခုနှစ်အထိ ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုရွာမှာ ရွာသူရွာသားများနဲ့ အတူ ၇နှစ်ကြာ လယ်ယာအလုပ်လုပ်ပြီး နေထိုင်စားသောက်ခဲ့ကြတယ်။ အဲဒီ အချိန်တုန်းက ရွာသား ကျန်းဝေ့ဖန်ဟာ အင်မတန် ဆင်းရဲတဲ့ အတွက်ကြောင့် ရှီကျင့်ဖိန်ဟာ သူရဲ့ ဝမ်းစာကို ကျန်းဝေ့ဖန်ကို ပေးတယ်။ လျန်ကြားဟိုရွာမှ ပီကင်းကို မထွက်ခွါခင်က ရှီကျင့်ဖိန်ဟာ စောင်၂ထည်နဲ့ လောင်းကုတ် ၂ထည်ကိုလည်း ကျန်းဝေ့ဖန်အား ပေးခဲ့တယ်။

လျန်ကြားဟိုရွာမှ ထွက်သွားပြီး နှစ်ပေါင်း ၄၀အတွင်းမှာ ရှီကျင့်ဖိန်ဟာ လျန်ကြားဟို ရွာသူရွာသားများကို အမြဲ အာရုံစိုက်၊ ဂရုစိုက်တယ်။ ၁၉၉၄ခုနှစ် ရွာသား လွီဟို့စိန်ဟာ ညာဘက်ခြေထောက် အရိုးခြင်ဆီရောင်နာကို ဆေးရုံမှာ ၂လကြာ ကုသမှု ခံပြီး တရုတ် ယွမ်ငွေ ၄ထောင်လည်း အကုန်ခံခဲ့ပေမဲ့ နာလန်ပြန်ထူလာခြင်း မရှိဘူး။ အင်မတန် ဆင်းရဲတဲ့ လွီဟို့စိန်ဟာ ပိုက်ဆံမရှိတော့ဘူး။ ထွက်ပေါက်ရှာမရလို့ သူက ရှီကျင့်ဖိန်ဆီကို စာတစ်စောင်ကို ရေးသားရာ သူ့အခြေအနေကို ဖော်ပြတယ်။ ၂ပတ်အကြာမှာ ရှီကျင့်ဖိန်ဟာ သူ့ကို ယွမ်ငွေ ၅၀၀ကို ပေးပို့ပြီး ဖူကျိုးမြို့ကို လာရောက် ကုသမှုခံဖို့ ဖိတ်ခေါ်ခဲ့တယ်။ လွီဟို့စိန် ဖူကျိုးမြို့မှာ ကုသမှု ခံရတဲ့အခါမှာ ရှီကျင့်ဖိန်ဟာ သူ့ကို အမြဲသွားရောက်ကြည့်ရှုတယ်။ လွီဟို့စိန် နာလန်ပြန်ထူလာပြီး လျန်ကြားဟိုရွာကို ပြန်ဖို့  ရှီကျင့်ဖိန်ဟာ သူ့အတွက် လေယာဉ်လက်မှတ်ကို ဝယ်ပေးပြီး သူ့ကို ယွမ်၂၀၀၀ကို ပေးခဲ့တယ်။ ၁၉၉၉ခုနှစ် အောက်တိုဘာလကုန်က လီဟို့စိန်ဟာ ထိုက်ယွမ်မြို့မှာ ခြေထောက်အင်္ဂါ ဖြတ်တောက် ခွဲစိတ်ကုသမှု ခံရတယ်။ ရှီကျင့်ဖိန် ကြားသိရတဲ့နောက် သူ့အတွက် ဆေးဝါးကုသမှုစရိတ်ကို လုံးဝထုတ်ပေးခဲ့တယ်။

ရှီကျင့်ဖိန်က လျန်ကြားဟိုရွာမှာ နေထိုင်တဲ့အခါမှာ ကျွန်တော်ဟာ အသက် ၁၅၊ ၁၆နှစ် အရွယ်သာ ရှိတဲ့ လူငယ်တစ်ယောက်ပဲ၊ ဘာမှ မလုပ်တတ်ပါဘူး၊ လျန်ကြားဟို ရွာသူရွာသားများက ကျွန်တော့်ကို နေထိုင်မှုနဲ့ လယ်ယာအလုပ်ဆိုင်ရာ ပညာများ သင်ပေးခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော် ဂျုံမှုန့်ပြား လှိမ့်ခြင်း၊ အလုံးပေါင်းခြင်းနဲ့ ချဉ်ဖတ်ဆားစိမ်ခြင်း စတာတွေကို လုပ်တတ်ခဲ့တယ်လို့ ပြောကြားခဲ့ဖူးတယ်။

၂၀၁၄ခုနှစ် မတ်လ ၇ရက်နေ့က တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နဲ့ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပစဉ်အတွင်း ရှီကျင့်ဖိန်က ၁၉၆၉ခုနှစ်က  လျန်ကြားဟိုရွာမှာ နေထိုင်တဲ့ အခါမှာ ရွာသူရွာသားများဟာ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်။ ကျွန်တော်ဟာ ကွန်မြူနစ်ပါတီဝင် တစ်ဦး အနေနဲ့ ဆင်းရဲတဲ့ ဒေသတွေမှာ ပြည်သူများကို ဂရုစိုက်ရပြီး သူတို့ အတွက် လက်တွေ့ကျကျ ဆောင်ရွက်ပေးကာ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရမယ်လို့ ပြောကြားတယ်။

ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုရွာ အတွက် လျှပ်စစ်ဓါတ်အားပေးရေး၊ အကောင်အထည် ဖော်ပေးပြီး ကျောင်းနဲ့ တံတားတွေကို ဆောက်လုပ်ပေးခဲ့တယ်။

လျန်ကြားဟိုရွာ အပေါ် ရှီကျင့်ဖန်ဟာ နက်ရှိုင်းတဲ့ သံယောဇဉ် အမြဲထားရှိတယ်။ ရွာသူရွာသားများက ရှီကျင့်ဖိန်၏ စိတ်ဟာ လျန်ကြားဟိုမှာ အမြဲရှိတယ်လို့ ပြောကြားတယ်။

   Webradio