• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီဝင် ဦးရေမှာ သန်း၉၀ခန့်ရှိ

(GMT+08:00) 2018-07-01 13:45:25

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပါတီကေဒါခေါင်းဆောင်ရေးရာ ဝန်ကြီးဌာနမှ နောက်ဆုံးပေါ် စာရင်းတွင် ၂၀၁၇ခုနှစ် နှစ်ကုန်အထိ တရုတ် ကွန်မြူနစ်ပါတီဝင် ဦးရေမှာ ၈၉သန်း၅သိန်း၆သောင်း၎ထောင်ရှိပြီး ၂၀၁၆ခုနှစ်ကထက် ၁သိန်း၁သောင်း၇ထောင် တိုးပွားလာကြောင်း၊ ပါတီ၏ အောက်ခြေအဆင့်အဖွဲ့ အရေအတွက်မှာ ၄သန်း၅သိန်း ၇သောင်း၂ထောင်ရှိပြီး ၂၀၁၆ခုနှစ်ကထက် ၅သောင်း၃ထောင် တိုးပွားလာကြောင်း၊ ယင်းသည် အခြေအနေသစ်တွင် အောက်ခြေအဆင့်ပါတီအဖွဲ့ တည်ဆောက်ရေး အပါအဝင် ပါတီတည်ဆောက်ရေးဆိုင်ရာ ဗဟိုကော်မတီမှ ညွှန်ကြားချက်နှင့် စီစဉ်ပေးမှုများအား ထိရောက်စွာ လက်တွေ့ကျင့်သုံးဖော်ဆောင်ပြီး ပါတီ၏ ရှင်သန်မှု အဆက်မပြတ် တိုးပွားလာခြင်းကို ပြဆိုနေကြောင်း  ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio