• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယ အကြိမ် Belt and Road ထိပ်သီးဖိုရမ်ကို ဟောင်ကောင်၌ကျင်းပငါးရှဉ့်

(GMT+08:00) 2018-06-29 13:56:55

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရနှင့်ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနတို့ပူးတွဲကျင်းပသော တတိယ အကြိမ် Belt and Road ထိပ်သီးဖိုရမ်ကို ယခုလ ၂၈ ရက်နေ့က ဟောင်ကောင်တွင် ကျင်းပခဲ့ကြောင်း၊ နိုင်ငံနှင့်ဒေသ ၅၅ ခုမှ ပုဂိုလ် ၅၀၀၀ ကျော် တက်ရောက်ကြပြီး Belt and Road ၏တိုးတက်မှုနှင့် ယင်းအဆိုပြုချက် သည် နယ်ပယ်အသီးသီးအတွက် ဆောင်ကျဉ်းပေးသောအခွင့်အလမ်း များကို ဆွေးနွေး ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအုပ်ချုပ်ရေးမှူးCarrie LamChengYuet-ngorက ဖွင့်ပွဲ အခမ်းအနားတွင် ဟောင်ကောင်သည် ကမ္ဘာ့လွတ်လပ်သောစီးပွါးရေးအုပ်စု နှင့်တရုတ် ၏နိုင်ငံတကာအဆင့်မြို့အနေဖြင့် Belt and Road အတွက် အရေးကြီးသောအခန်းဏ္ဍမှပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio