• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ကာကွယ်ရေးဝန်ကြီး မာတစ္စ၏ တရုတ်ခရီးစဉ် အောင်မြင်ပြီး၊ တရုတ် ကာကွယ်ရေးဝန်ကြီး ယခုနှစ်တွင် ကန်သို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-06-29 10:48:53

     အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး မာတစ္စသည်၊ ယခုလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်ပြည်တွင် ခရီးလှည့်လည်ခဲ့သည်။ တရုတ်နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက၊ မာတစ္စ၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်သည်၊ တက်ကြွပြီး အပြုသဘောဆောင်သော အောင်မြင်မှုရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟိုသည်၊ ဖိတ်ကြားချက်အရ ယခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့က ပီကင်း၌ ထုတ် ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ဆက်လက်၍ ဝူချန်းက၊ ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့ အပြန်အလှန် ခရီးလှည့်လည် ရန် အကောင်အထည်ဖော်ဆောင်ခြင်းမှာ တရုတ်-အမေရိကန် တပ်မတော်ဆက်ဆံမှု အပေါ် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ထရန့်တို့မှ ရရှိခဲ့သော အရေးကြီးသဘောတူညီမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio