• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရန်သတ်မှတ်ချက်ဆိုင်ရာအထူးစီမံခန့်ခွဲရေး ဆောင်ရွက်ချက်ကို တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့ထုတ်ပြန်

(GMT+08:00) 2018-06-29 10:14:48

     တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်ဝက်ဆိုက်မှ သတင်းအရ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီမှ သဘောတူညီမှုဖြင့် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့သည် ယမန်နေ့ ၂၈ ရက်နေ့က့  ၂၀၁၈နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရန်သတ်မှတ်ချက်ဆိုင်ရာအထူးစီမံခန့်ခွဲရေး ဆောင်ရွက်ချက် အမိန့်အမှတ်(၁၈)ကို  ထုတ်ပြန်ပြီး ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကျင့်သုံးမည်ဟုသိရသည်။

၂၀၁၈နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရန်သတ်မှတ်ချက်ဆိုင်ရာအထူးစီမံခန့်ခွဲရေး ဆောင်ရွက်ချက်တွင် ပုဒ်မ ၆၃ မှ ၄၈ အထိ လျှော့ချပြီး နယ်ပယ်၂၂ခုမှ အရေးကြီးသော တံခါးဖွင့် ဆောင်ရွက်ချက်အမျိုးမျိုး ကျင့်သုံးမည်ဖြစ်သည်။ ပထမအချက်မှာ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ တံခါးဖွင့်မှုကို များစွာ တိုးချက်ခြင်း၊ ဒုတိယအချက်မှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို အခြေခံအားဖြင့် ဖွင့်လှစ်ခြင်း၊ တတိယအချက်မှာ လယ်ယာစိုက်ပျိုးရေးနှင့် စွမ်းအင်အရင်းအမြစ်နယ်ပယ်မှ နိုင်ငံခြားငွေရင်း ဝင်ရောက်ရန်သတ်မှတ်ချက် လျှော့ပေါ့ခြင်းတို့ဖြစ်သည်။

   Webradio