• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အစိုးရက တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွါး ကာကွယ်မှုကို ကန့်ကွက်သည်ဟု ကျွမ်းကျင်ပညာရှင်များ ဆို

(GMT+08:00) 2018-06-29 09:09:44

တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၂၈ ရက်နေ့က တရုတ်နှင့် WTO စက္ကဖြူစာတမ်းကို ပထမဆုံးအကြိမ် အဖြစ် ထုတ်ပြန်ခဲ့ပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ တရုတ်အစိုးရသည် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး၊ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ရန်နှင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းကို အားဖြည့် ထူထောင်ရန် ရပ်တည်ချက်ကို ပြသနေကြောင်း ယူဆကြပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး ကမ္ဘာ့စီးပွါးရေးနှင့် နိုင်ငံရေး သုတေသနဌာနမှ သုတေသီ နီယွဲ့ကျူက၊ တရုတ်အစိုးရက စက္ကူဖြူစာတမ်း ထုတ်ပြန်သည့် ရည်ရွယ်ချက်မှာ နှစ်ခု ရှိပြီး၊ တစ်ခုက တရုတ်ပြည်က WTO ပါဝင်ရေးဆိုင်ရာ ကတိပြုချက်များကို ဖေါ်ဆောင်ခြင်း မရှိ ဟူသော မဟုတ်မမှန် ပြောဆိုချက် အပေါ် တုံ့ပြန်ရန် ဖြစ်ပြီး နောက်တစ်ခုက ဂလိုဘယ်လိုက်ဇေးရှင်းကို ဖီလာဆန့်ကျင်ရေးနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဦးမော့ လာနေသည့် ခုလို အချိန်အခါ၌ တရုတ်နိုင်ငံက နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်ပြတ်သားသား ထောက်ခံသော သဘောထားရပ်တည်ချက်ကို ပြသရန် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

   Webradio