• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် WTO စက္ကဖြူစာတမ်းကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်

(GMT+08:00) 2018-06-29 09:05:54

တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၂၈ ရက်နေ့က တရုတ်နှင့် WTO စက္ကဖြူစာတမ်းကို ပထမဆုံးအကြိမ် အဖြစ် ထုတ်ပြန်ခဲ့ပါသည်။ စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံက WTO တွင်ပါဝင်ရာ၌ ကတိပြုချက်များကို ဘက်စုံ ဖေါ်ဆောင်ပြီး ဈေးကွက်များကို ကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်ခဲ့ကြောင်း ရေးသားဖေါ်ပြထားပါသည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံက WTO ပါဝင်ရေးဆိုင်ရာ ကတိပြုချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်ပြတ်သားသား ထောက်ခံခြင်း၊ တရုတ်နိုင်ငံက WTO တွင် ပါဝင် ပြီးနောက် ကမ္ဘာကြီးအတွက် အရေးကြီး အကျိုးပြု ဆောင်ရွက်မှုများ ပြုလုပ်ခြင်းနှင့် တရုတ်နိုင်ငံက အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို တက်ကြွစွာ တွန်းအားပေးခြင်း အပါအဝင် အပိုင်း လေးပိုင်း ပါဝင်ထားကြောင်း သိရပါသည်။

ယင်းစက္ကဖြူစာတမ်းတွင်၊ ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံက WTO တွင် ပါဝင် ပြီးနောက် နိုင်ငံစုံ ကုန်သွယ်ရေး စည်မျဉ်းစည်းကမ်းများနှင့် ချိတ်ဆက်မှုကို ဘက်စုံ အားဖြည့်ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တံခါးဖွင့်ရေးဆိုင်ရာ ကတိပြုချက်များကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ခဲ့ကြောင်း ရေးသားထားပါသည်။

၂၈ ရက်နေ့က ကျင်းပသော နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှို့ဝင်က၊ ၂၀၁၀ ပြည့်နှစ် ကပင် တရုတ်နိုင်ငံသည် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်ရေး နယ်ပယ်၌ အခွန် လျှော့ချရေး ကတိပြုချက် အားလုံးကို အကောင်အထည် ဖေါ်ဆောင်ခဲ့ပြီ ဖြစ်ပြီး အကောက်ခွန်ကို ၂၀၀၁ ခုနှစ်က ၁၅့ ၃ ရာခိုင်နှုန်းမှနေ၍ ၉့ ၈ ရာခိုင်နှုန်း အထိ လျှော့ချ ခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်ကစပြီး ကမ္ဘာ့ စီးပွါးရေး တိုးတက်မှု အပေါ် တရုတ်ပြည်၏ နှစ်စဉ် ပျမ်းမျှ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိပြီး ကမ္ဘာ့ စီးပွါးရေး နာလန်ပြန်ထူရေးနှင့် တိုးတက်ရေး ဆိုင်ရာ အရေးကြီး တွန်းအား ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio