• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယုံကြည်စိတ် ရှိရှိဖြင့် WTO ၏ မေးမြန်းချက်များကို ဖြေကြား

(GMT+08:00) 2018-06-28 20:09:10
တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၂၈ ရက်နေ့က ပထမဆုံး အကြိမ် အဖြစ် “တရုတ်နှင့် WTO စက္ကူဖြူစာတမ်း” ကို ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် WTO တွင်ပါဝင်ရာ၌ ကတိပြုချက်များကို အကောင်အထည် ဖေါ်ဆောင်ခြင်း ရှိမရှိ ဟူသော မေးခွန်းကို ဖြေရမည် ဆိုလျှင်၊ တရုတ် နိုင်ငံက WTO တွင် ပါဝင်သည့် ၁၇ နှစ် အတွင်း ကုန်စည် ကူးသန်းရောင်းဝယ်မှု၊ ဝန်ဆောင်မှု ကူးသန်း ရောင်းဝယ်မှုနှင့် ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး အပါအဝင် ကတိပြုချက် သုံးရပ်နှင့် ပတ်သက်ပြီး၊ ဗဟိုနှင့် ဒေသခံ အစိုးရဌာနများ၏ စည်းမျဉ်း ဥပဒေများကို ရှင်းလင်းပြီး စံမီ စာတမ်းများ၏ တရားဝင်ဆိုင်ရာ စိစစ်ရေးစနစ်ကိုလည်း တည်ထောင် ထားကြောင်း၊ တစ်ချိန်တည်းတွင် သွင်းကုန် အခွန်များကို များစွာ လျှော့ချပြီး ဝန်ဆောင်မှု ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန် တံခါးဖွင့်ထားကြောင်း၊ ၂၀၁၀ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံ၏ WTO တွင် ပါဝင်ရာ၌ ကတိပြုချက် အားလုံးကို အကောင်အထည် ဖေါ်ဆောင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ စက္ကူဖြူစာတမ်းတွင်၊ ၂၀၁၀ ပြည့်နှစ်ကပင် တရုတ်ပြည်၏ ကုန်စည် အကောက်ခွန်မှာ ၂၀၀၁ ခုနှစ်က ၁၅့ ၃ ရာခိုင်နှုန်းမှနေ၍ ၉့ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်က နိုင်ငံခြား လုပ်ငန်းရှင်များ၏ တရုတ်ပြည်၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၇၃ ရာခိုင်နှုန်းသည် ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး နယ်ပယ်၌ ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ပြီးပြည့်စုံသော ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး ဥပဒ စနစ်များကို ဖွဲ့စည်း တည်ထောင်ပြီး ဖြစ်ကြောင်း၊ ကမ္ဘာ့ ပညာမူပိုင်ခွင့်ရေးရာ အဖွဲ့မှ မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံတွင် မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်မှတစ်ဆင့် တင်ပြသော မူပိုင်ခွင့် လျှောက်လွှာ ပမာဏမှာ ၅ သောင်း ၁ ထောင် ရှိပြီး အမေရိကန် ပြီးလျှင် ကမ္ဘာ့ ဒုတိယ နေရာ၌ တည်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံက WTO တွင်ပါဝင်ခြင်းသည် ကမ္ဘာကြီးကို မည်သို့ ပြောင်းလဲသနည်း ဟူသော မေးခွန်းကို ဖြေရာမည် ဆိုလျှင်၊ ၂၀၀၂ ခုနှစ်ကစပြီး ကမ္ဘာ့ စီးပွါးရေး တိုးတက်မှု အပေါ် တရုတ်ပြည်၏ ပျမ်းမျှ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ နိုင်ငံနှင့် ဒေသ ၁၂၀ ကျော်တို့၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် အနေနှင့် တရုတ် ကုန်စည် သွင်းကုန် ပမာဏမှာ နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၁၃့  ၅ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့ ပျမ်းမျှ စံချိန်ထက် ၆့  ၉ ရာခိုင်နှုန်း ပိုမြင့်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားကို ခရီးသွားသော တရုတ် ခရီးသည် ဦးရေမှာ သန်း ၁၃၀ ရှိပြီး နိုင်ငံခြား၌ သုံးငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၅့  ၂၉ ဘီလီယံ ရှိကြောင်း၊ ယင်းသည် နိုင်ငံ အသီးသီးတို့ အတွက် အခွင့်အရေး၊ အလုပ်အကိုင်များစွာကို ဖန်တီးပေးကြောင်း သိရပါသည်။ တရုတ်ပြည်၏ WTO ဆိုင်ရာ လက်တွေ့ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး မေးခွန်း ဖြေရမည် ဆိုလျှင်၊ တရုတ်နိုင်ငံသည် တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုး စီးပွါး ကာကွယ်ရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်၏ တက်ကြွစွာ ပါဝင်သူ၊ ပြတ်သားစွာ ထိန်းသိမ်းကာကွယ်သူနှင့် အရေးကြီး အကျိုးပြု စွမ်းဆောင်သူ ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် WTO စည်းမျဉ်းများကို ပြတ်ပြတ်သားသား လိုက်နာ ကျင့်သုံးပြီး တံခါးဖွင့်ပြီး ပွင့်လင်းသော၊ သက်ညှာထောက်ထားပြီး အထင်သေးမှု ကင်းမဲ့သော နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ထောက်ခံ မှသာ၊ အပြန်အလှန် အားကိုးပြီး တပြေးညီ ဖြစ်သော ကံကြမ္မာ အသိုက်အဝန်းကို ဖွဲ့စည်းတည်ထောင်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။
   Webradio