• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် တရုတ်နှင့် WTO စက္ကဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2018-06-28 17:32:37

တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ဇွန်လ ၂၈ ရက်နေ့က တရုတ်နှင့် WTO စက္ကဖြူစာတမ်း ထုတ်ပြန်ပြီး၊ တရုတ်ပြည်က WTO တွင်ပါဝင်ရာ၌ ကတိပြုချက်များ ဖေါ်ဆောင်ခြင်းနှင့် ကမ္ဘာကြီး အတွက် အရေးကြီး အကျိုးပြု စွမ်းဆောင်မှုများကို ဘက်စုံ ရှင်းလင်းဖေါ်ပြထားပါသည်။

ယင်းစက္ကဖြူစာတမ်းတွင်၊ ၂၀၀၂ ခုနှစ်မှစပြီး ကမ္ဘာ့ စီးပွါးရေး တိုးတက်မှု အတွက် တရုတ်ပြည်၏ ပျမ်းမျှ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၀ ခန့် ရှိပြီး ကမ္ဘာ့ စီးပွါးရေး နာလန်ပြန်ထူရေးနှင့် တိုးတက်ရေး ဆိုင်ရာ အရေးကြီး တွန်းအားပင် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဆောင်ရွက်သည့် နှစ် ၄၀ အတွင်း လက်ရှိ ကုလသမဂ္ဂ၏ စံချိန်အရ ဆင်းရဲသည်ဟု သတ်မှတ်ရသော တရုတ် ဆင်းရဲသူ သန်း ၇၀၀ အောင်မြင်စွာ ဆင်းရဲမှု ပပျောက်ခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာ ကုန်ပစ္စည်း သွင်းကုန် ပို့ကုန် စုစုပေါင်း ပမာဏတွင် တရုတ်၏ သွင်းကုန် ပို့ကုန် ပမာဏမှာ ၁၀့  ၂ ရာခိုင်နှုန်းနှင့် ၁၂့ ၈ ရာခိုင်နှုန်း အသီးသီး ရှိပြီး ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၁၂၀ ကျော်၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သွင်းကုန် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်လာပါပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

စက္ကဖြူစာတမ်းတွင်၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တရုတ်ပြည်၏ ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ တင်သွင်းမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉့ ၃ ဘီလီယံမှနေ၍ ၄၆၇့ ၆ ဘီလီယံ အထိ တိုးလာကာ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၁၆့ ၇ ရာခိုင်နှုန်း ဖြစ်ကာ တစ်ကမ္ဘာလုံး စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားသို့ ခရီးသွားသော တရုတ်ခရီးသည် ဦးရေမှာ သန်း ၁၃၀ ကျော် ရှိပြီး နိုင်ငံခြား၌ ခရီးသွား သုံးငွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၅့  ၂၉ ရှိကာ ဒေသခံ ကုန်စည် စားသုံးမှု၊ အလုပ်အကိုင် နေရာချထားမှုနှင့် စီးပွါးရေး တိုးတက်မှုကို တွန်းအားပေးပါကြောင်း၊ တရုတ်နိုင်ငံက WTO တွင် ပါဝင်ခဲ့သည့်နောက်ပိုင်း နိုင်ငံခြား လုပ်ငန်းရှင်များ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာမှာ ၂၀၀၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၄၆့ ၈၈ ဘီလီယံ ရှိရာမှနေ ၂၀၁၇ ခုနှစ်က ၁၃၆့  ၃၂ အထိ တိုးလာပြီး နှစ်စဉ် တိုးတက်မှုနှုန်းမှာ ၆့ ၉ ရာခိုင်နှုန်း ရှိကာ၊ ၁၉၉၂ ခုနှစ်မှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၆ နှစ် ဆက်တိုက် ပထမ နေရာ၌ တည်ရှိနိုင်ခဲ့ကြောင်း၊ တရုတ်ပြည်၏ နိုင်ငံခြား၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ WTO တွင် ပါဝင်ခါစက ကမ္ဘာ့ ၂၆ နေရာမှနေ ၂၀၁၇ ခုနှစ်က တတိယ နေရာ သို့ တိုးမြင့်လာကြောင်း၊ Belt and Road လက်တွဲ တည်ဆောက်ရေး အဆိုပြုချက် တင်ပြခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်အထိ တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံများတွင် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၇၅ ခုကို တည်ဆောက်ပြီး အိမ်ရှင်နိုင်ငံ အခွန် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကို ပေးဆောင်ကာ ဒေသခံများအတွက် အလုပ်အကိုင်နေရာ ၂ သိန်း ၁ သောင်းကို ဖန်တီးပေးခဲ့ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio