• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်နှင့် WTO စက္ကူဖြူစာတမ်း" တရုတ် ပထမဆုံးအကြိမ် အဖြစ် ထုတ်ပြန်

(GMT+08:00) 2018-06-28 16:25:13

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၂၈ ရက်နေ့က ပထမဆုံး အကြိမ် အဖြစ် "တရုတ်နှင့် WTO စက္ကူဖြူစာတမ်း" ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံက WTO ပါဝင်ရေးဆိုင်ရာ ကတိပြုချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်ပြတ်သားသား ထောက်ခံခြင်း၊ တရုတ်နိုင်ငံက WTO ပါဝင် ပြီးနောက် ကမ္ဘာကြီးအတွက် အရေးကြီး အကျိုးပြု ဆောင်ရွက်မှုများ ပြုလုပ်ခြင်းနှင့် တရုတ်နိုင်ငံက အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို တက်ကြွစွာ တွန်းအားပေးခြင်း အပါအဝင် အပိုင်း လေးပိုင်း ပါဝင်ထားကြောင်း သိရပါသည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံက WTO တွင် ပါဝင် ပြီးနောက်၊ ဆိုရှယ်လစ် ဈေးကွက် စီးပွါးရေးစနစ် အဆက်မပြတ် ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ပြီး နိုင်ငံစုံ ကုန်သွယ်ရေးစနစ်နှင့် ချိတ်ဆက်မှုကို ဘက်စုံ တိုးမြှင့်ပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု တံခါးဖွင့်ရေးဆိုင်ရာ ကတိပြုချက်များကို ထိရောက်စွာ ဖေါ်ဆောင်ခဲ့ကြောင်း၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းရေးကို အားဖြည့် ဆောင်ရွက်ကြောင်း၊ နိုင်ငံစုံ ကုန်သွယ်ရေးစနစ် ထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် အပြုသဘောဆောင်သော အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ် ခဲ့ကြောင်း ရေးသားထားပါသည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံသည် အပြန်အလှန် အကျိုးရှိစေသော တံခါးဖွင့်ရေး မဟာဗျူဟာကို ဦးလည်မသုန် ကျင့်သုံးကြောင်း၊ WTO ၏ လွတ်လပ်စွာ ကုန်သွယ်ရေး အတွေးအခေါ်ကို လိုက်နာပါကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွါးရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို အားသစ်လောင်းပေးရန်နှင့် နိုင်ငံတကာ ပြည်သူပြည်သားများ၏ သုခ ချမ်းသာမှုများ တိုးစေရန် အတွက် အရေးကြီး အကျိုးပြု ဆောင်ရွက်မှုများ ပြုလုပ်ပြီး ကမ္ဘာ့ စီးပွါးရေး တည်ငြိမ်ရေးနှင့် တိုးမြှင့်ရေးဆိုင်ရာ အဓိက အကြောင်းရပ် ဖြစ်လာပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio