• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီနှင့် ဝေ့ဖုန့်ဟိုသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-06-28 08:58:06

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို နိုင်ငံခြားရေးရာ လုပ်ငန်း ကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီနှင့် နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ဝေ့ဖုန့်ဟိုသည် ယခုလ ၂၇ ရက်နေ့က တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာနှင့် ပါးအီး တိုက်ဆောင်ကြီး၌ အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စနှင့် အသီးသီး တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင်၊ ယန်ကျယ်ချီက၊ တရုတ်-အမေရိကန် ဆက်ဆံမှုသည် အရေးကြီး တိုးတက်ရေး အဆင့်ကာလ၌ တည်ရှိနေကြောင်း၊ အမေရိကန် အနေနှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ထရန့်တို့၏ ပီကင်း တွေ့ဆုံဆွေးနွေးပွဲမှ အရေးကြီး သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖေါ်ဆောင်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု မှန်ကန်သော လမ်းကြောင်းအတိုင်း ရှေ့သို့ ချီတက်နိုင်ဖို့ အာမခံပေးရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio