• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကာကွယ်ရေး ဝန်ကြီး ဝေ့ဖုန့်ဟိုသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-06-28 08:22:27

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ဝေ့ဖုန့်ဟိုသည် ယခုလ ၂၇ ရက်နေ့က ပီကင်း၌ အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝေ့ဖုန့်ဟိုက၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးကို စွဲကိုင်ကြောင်း၊ တရုတ် တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးမှု အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် အချင်းပွါးမှု၊ ရန်ငြိုးထားမှု မပြုလုပ်ရန် စွဲကိုင်ပြီး အပြန်အလှန် လေးစား၍ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင် မှသာ အကျိုးတူ ဖွံ့ဖြိုးရေး အကောင်အထည်ဖေါ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ နှစ်ဖက် တပ်မတော်တို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ သဘောတူညီမှုကို အကောင်အထည်ဖေါ်ဆောင်ပြီး အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အန္တရာယ်များကို ထိန်းချုပ်ပြီး နှစ်ဖက် တပ်မတော် အကြား ဆက်ဆံမှုကို နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်ရေးဆိုင်ရာ အကြောင်းရပ် ဖြစ်စေရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ဝေ့ဖုန့်ဟိုသည် ထိုင်ဝမ်ပြဿနာ၊ တောင်ပင်လယ် ပြဿနာ၊ ကိုးရီးယားကျွန်းဆွယ် ပြဿနာ စသည့်ပြဿနာများနှင့် ပတ်သက်၍လည်း တရုတ်ပြည်ဘက်၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားပါသည်။

မာတစ္စက၊ တရုတ်ပြည်၏ ဖွံ့ဖြိုးမှုသည် အမေရိကန်အပါအဝင် ကမ္ဘာကြီးအတွက် အကျိုးရှိကြောင်း၊ နှစ်နိုင်ငံတို့သည် သင့်မြတ်ဖေါ်ရွေစွာ ဆက်ဆံ သင့်ကြောင်း၊ အမေရိကန်သည် နှစ်ဖက် တပ်မတော်အကြား ဆက်ဆံမှုကို အလေးထားကြောင်း၊ တရုတ်ပြည်နှင့် ကူးလူးဖလှယ်ရေးစနစ် ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်လိုကြောင်း၊ တံခါးဖွင့်ရေးနှင့် ဆွေးနွေးမှုကို တွန်းအားပေးပြီး အန္တရာယ် ထိန်းချုပ်မှုကို အားဖြည့် လိုကြောင်း၊ ကြီးမြတ်သော အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တွန်းအားပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

   Webradio