• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပ

(GMT+08:00) 2018-06-27 13:44:58

ဇွန်လ ၂၆ရက်နေ့က တရုတ်နိုင်ငံ ပီကင်းမြို့တွင် စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပခဲ့ကြောင်း၊ တရုတ်နှင့် အာဖရိကမီဒီယာတို့သည် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၁၂ရပ်ကို ချုပ်ဆိုခဲ့ကြပြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးနက်ရှိုင်းစေရေးဆိုင်ရာ ပူးတွဲ ကြေညာချက်ကို အတည်ပြုခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နှင့်အာဖရိက အစိုးရလုပ်ငန်းဌာနနှင့် မီဒီယာတို့မှ ကိုယ်စားလှယ် ၄၀၀ကျော်သည် ယခုအကြိမ်ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းတို့သည် တရုတ်-အာဖရိက မီဒီယာ မူဝါဒ၊ တရုတ်-အာဖရိကမီဒီယာ ပြောဆိုပိုင်ခွင့်ထူထောင်ရေး၊ တရုတ်-အာဖရိက ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အချက်အလက်ထုတ်လုပ်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio