• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် ပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို တစ်ဆင့်တိုး ဆက်လက် ဆောင်ရွက်မည်

(GMT+08:00) 2018-06-27 10:28:33

        တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အစဉ်တစိုက် အလေးထားပြီး နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ထောက်ခံပြီး ပါဝင်ဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နှစ်ဖက် သဘောတူစာချုပ်ကို နိုင်ငံများစွာနှင့် ချုပ်ဆိုပြီး အိမ်နီးချင်းနိုင်ငံများ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ကူညီပေးခဲ့ကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်သည် ယခင်လိုပင် နိုင်ငံအသီးသီးတို့နှင့် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေးဝါး ကင်းမဲ့သော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ကြမည်ဖြစ်ကြောင်း ယခုလ ၂၆ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio