• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ကာကွယ်ရေး ဝန်ကြီး တရုတ်ပြည်၌ ခရီးလှည့်လည်

(GMT+08:00) 2018-06-27 10:17:43

အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စသည် ယခုလ ၂၆ ရက်နေ့က တရုတ်ပြည်၌ စတင် ခရီးလှည့်လည်နေကြောင်း၊ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းအရ တရုတ် နိုင်ငံတော်နှင့် တပ်မတော်မှ ခေါင်းဆောင်များသည် မာတစ္စနှင့် တွေ့ဆုံမည် ဖြစ်ပြီး နှစ်ဖက်တို့သည် နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုနှင့် အတူ အလေးထားကြသော ကိစ္စများနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ မျက်မှောက်အချိန်တွင် တရုတ်နှင့် အမေရိကန် စစ်ရေး ဆက်ဆံမှုတွင် အနုတ်လက္ခဏာ အကြောင်းရပ်များ တိုးလာနေကြောင်း၊ သို့သော် ခြုံပြီး ကြည့်လျင် ပုံမှန် တည်ငြိမ်ပါကြောင်း၊ အမြင်ချင်း ဖလှယ်ရန်နှင့် အကျပ်အတည်းများကို ထိန်းချုပ်ရန်မှာ နှစ်ဖက် တပ်မတော် အကြား အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio