• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ်-အာဖရိက ကာကွယ်မှု လုံခြုံရေး ဖိုရမ် ပီကင်း၌ ကျင်းပ

(GMT+08:00) 2018-06-27 10:15:45

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပသော ပထမ အကြိမ် တရုတ်-အာဖရိက ကာကွယ်မှု လုံခြုံရေး ဖိုရမ်ကို ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ဖွင့်လှစ် ခဲ့ကြောင်း၊ တရုတ် တပ်မတော် ကိုယ်စားလှယ်များနှင့်၊ ဆီရာလီယွန်နှင့် တောင်ဆူဒန်မှ တပ်မတော် ဦးစီးမှူးချုပ်၊ ဒုဦးစီးမှူးချုပ် အပါအဝင်၊ အာဖရိက နိုင်ငံများ၊ အာဖရိက သမဂ္ဂ ကာကွယ်ရေးဌာနများမှ တပ်မတော် ကိုယ်စားလှယ် ၅၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက် ခဲ့ကြကြောင်း၊ ဖိုရမ်၏ ဆောင်ပုဒ်သည် လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် ကူညီခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ဗဟို စစ်ရေးကော်မရှင် နိုင်ငံတကာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုရုံး ဥက္ကဋ္ဌ ဟူချမ်မင်က တရုတ်ပြည်ဘက် ကိုယ်စား ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားပါသည်။

   Webradio