• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ တရုတ် နိုင်ငံတကာ အင်တဲ့လစ်ဂျင် ကုန်စည်ပြပွဲ ကျင်းပမည်

(GMT+08:00) 2018-06-27 10:14:00

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံတကာ အင်တဲ့လစ်ဂျင် ကုန်စည်ပြပွဲကို သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ချုံချင့်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲတွင် အထွေထွေ ပြပွဲနှင့် လုပ်ငန်းကုမ္ပဏီကြီးများ ပြပွဲ၊ ဆန်းသစ်တီထွင်ရေး ပြပွဲ၊ သီးသန့် အကြောင်းအရာ ပြပွဲ အပါအဝင် ပြပွဲဇုန် လေးခု ထားရှိမည် ဖြစ်ကြောင်း၊ မောင်းသူမဲ့နည်းပညာ၊ ဆန်းသစ် သိပံ္ပနည်းပညာ အပါအဝင် ပြိုင်ပွဲ ၅ ရပ်ကို ကျင်းပမည့်အပြင်၊ ရေဒီယိုနှင့် Artificial Intelligence ဆိုင်ရာ ဖိုရမ် ၇ ရပ်ကိုလည်း ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် အင်တဲ့လစ်ဂျင် လုပ်ငန်းသည် စီးပွါးရေးနှင့် နေထိုင်မှုဘဝ ရသမြောက်လာစေခြင်း ဖြစ်ကြောင်း၊ ပြပွဲ၏ အကျယ်အဝန်းမှာ စတုရန်း မီတာ ၁ သိန်း ၅ သောင်းခန့် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio