• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ချီစန်းသည် မြန်မာပြည်ထောင်စုလွှတ်တော်နာယက၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်တွေ့ဆုံ

(GMT+08:00) 2018-06-26 16:48:38

တရုတ်နိုင်ငံတော်ဒုဥက္ကဋ္ဌဝမ်ချီစန်းသည် ယနေ့ ၂၆ ရက်နေ့က ကျုံနန်ဟိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းနှင့် တွေ့ဆုံ ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ချီစန်းက ရှိရင်းစွဲချစ်ကြည်ရေးကို ဆက်ခံသည့် အခြေခံပေါ်တွင် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် မြန်မာ ခေါင်းဆောင်တို့သည် ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးကို တွန်းအားပေးရန် လမ်းညွှန်ပေးပြီး နှစ်နိုင်ငံအနေနှင့် အဆင့်မြင့်အရာရှိကူးလူးဖလှယ်မှုကို ဆက်လက်ထိန်းထားပြီး ဆက်ဆံမှုကို အားသစ်လောင်းပေးကာ သိရှိနားလည်မှုကို ပိုမိုနက်ရှိုင်းစေ၍ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးကာ အကျိုးတူရရှိစေရေးနှင့် အတူအောင်နိုင်ရေးကို အကောင်အထည်ဖေါ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းအေးချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအကောင်အထည်ဖေါ်ရန် ကြိုးပမ်းအားထုတ်မှု များကို ထောက်ခံအားပေးပြီး Belt & Road မူဘောင်အတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တက်ကြွစွာ တွန်းအားပေးပြီး တရုတ်-မြန်မာ နယ်ပယ်အသီးသီး အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်း တာမံလုပ်ငန်း၊ အခြေခံအဆောက် အဦ၊ စွမ်းအင်စသည့် အရေးကြီးနယ်ပယ်မှ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို အားသစ် လောင်းပေးလိုကြောင်း ပြောကြားသည်။

အဲဒီနောက် မြန်မာနိုင်ငံပြည်ထောင်စုလွှတ်တော်နာယက၊အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းကလည်း မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးသည် ရှေးပဝေသဏီကတည်းကပင် တည်ရှိကြောင်း၊ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံ ရရှိခဲ့သော  ကြီးမား သည့် အောင်မြင်မှုကို ဝမ်းသာစွာ မြင်လိုကြောင်း၊ တရုတ်ဘက်က ပေးအပ်သော အဖိုးတန်သည့်ထောက်ခံမှုကို ကျေးဇူးတင်ရှိပြီး မြန်မာ-တရုတ်စီးပွားရေးစင်္ကြံတည်ဆောက်မှုနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio