• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၌ လူ ၂ သိန်း ၄ သောင်းခန့် မူးယစ်ဆေးဖြတ် ကုသမှု ခံနေ

(GMT+08:00) 2018-06-26 09:39:46

တရုတ် တရားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကြည့်ချမ်က၊ တရုတ်နိုင်ငံတွင် လူ ၂ သိန်း ၄ သောင်းခန့်သည် သီးခြားထားပြီး အတင်းအဓမ္မ မူးယစ်ဆေးဖြတ် ကုသမှု ခံယူ နေကြောင်း ယခုလ ၂၅ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။

၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ လျူကြည့်ချမ်က၊ ယခု တရုတ်ပြည်တွင် တရားရေးရုံး အောက်ခံ မူးယစ်ဆေးဖြတ်ဌာန ၃၆၁ ခု ရှိပြီး လူ ၃ သိန်း ၂ သောင်းကို လက်ခံ၍ မူးယစ်ဆေးဖြတ် ကုသမှု ပေးနိုင်ကြောင်း၊ ၂၀၀၈ ခုနှစ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေကို စတင် ကျင့်သုံး ခဲ့သည့်နောက်ပိုင်း စုစုပေါင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၁၃ သိန်းကျော် အတွက် မူးယစ်ဆေးဖြတ် ကုသခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်တွင် မူးယစ်ဆေးဖြတ် ကုသမှု ခံနေသူ ဦးရေမျာ ၂ သိန်း ၄ သောင်း ရှိကြောင်း၊ မူးယစ်ဆေးဖြတ်သူများ ပြန်လည် ထူထောင်ရေး ဌာန ၇၃ ခုရှိကြောင်း ရှင်းလင်းပြောကြားပါသည်။

တရုတ် တရားရေး ဝန်ကြီးဌာန မူးယစ်ဆေးဖြတ် စီမံအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ချော်ရွှေကျွင်က၊ အမျိုးအစားသစ် မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေမှာ တစ်နေ့ထက်တစ်နေ့ တိုးများလာနေပြီး မူးယစ်ဆေးဝါး သုံးစွဲသူ စုစုပေါင်း ဦးရေ၏ ၅၃ ရာခိုင်နှုန်းအထိ တိုးလာပြီ ဖြစ်ကြောင်း၊ ယင်းသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း ဆိုင်ရာ စိန်ခေါ်မှုသစ် တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio