• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-06-26 09:30:16

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ ပါတီ၏ ခေါင်းဆောင်မှုကို အားဖြည့်ပြီး နိုင်ငံရေးနှင့် စနစ် ဆိုင်ရာ အားသာချက်များကို ပြည့်ပြည့်ဝဝ အသုံးပြု၍ စီမံအုပ်ချုပ်ရေးစနစ် ပိုမို ပြည့်စုံ ကောင်းမွန် လာအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ပြီး ခေတ်သစ်တွင် ပြည်သူများ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်နိုင်ရန် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

၁၉၈၇ ခုနှစ် ဒီဇင်ဘာလက ကျင်းပသော ၄၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ် တရုတ်ပြည်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ ကျန်းမာသော လူ့ဘဝ၊ မူးယစ်ဆေးဝါး ကင်းမဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio