• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ်တရုတ်မူးယစ်ဆေးဝါးအခြေအနေအစီရင်ခံစာထုတ်ပြန်

(GMT+08:00) 2018-06-25 15:28:23

     ဇွန်လ ၂၆ ရက်နေ့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကျရောက်လာ သည့် အခါသမယတွင် တရုတ်နိုင်ငံတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီရုံးမှ ယနေ့ ၂၅ ရက်နေ့တွင် ၂၀၁၇ခုနှစ် တရုတ်မူးယစ်ဆေးဝါးအခြေအနေအစီရင်ခံစာကို ထုတ်ပြန်ပြီး ပြည်တွင်းမူးယစ်ဆေးဝါး အလွဲသုံးစားရေး၊ မူးယစ်ဆေးဝါးအရင်းအမြစ်၊ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေး စသည့်အခြေအနေကို ပေါင်းရုံးသုံးသပ်ထားသည်။ အစီရင်ခံစာအရ ၂၀၁၇ခုနှစ် တရုတ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပြီး မူးယစ်ဆေးဝါးထိန်းချုပ်မှုအခြေအနေ တည်ငြိမ်ပြီး ထိန်းချုပ်၍ ရကာ အရေးကြီးသော မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာ မရှိ၍ မူးယစ်ဆေးဝါးကြောင့် လူမှုစီးပွားဖွံ့ဖြိုးရေးအပေါ် ထိခိုက်မှုကို ထိရောက်စွာ တားဆီးခဲ့ကြောင်း သိရသည်။

   Webradio