• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်သည် ကမ္ဘာ့ရုပ်ရှင်အတွက် ရှုထောင့်သစ်များ ဖန်တီးပေးသည်ဟု တူရကီဒါရိုက်တာ Semih Kaplanoglu ဆို

(GMT+08:00) 2018-06-25 15:21:48

     ၂၁ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော် The Golden Goblet ဆု ဒိုင်လူကြီး၊ တူရကီနာမည်ကြီးဒါရိုက်တာ Semih Kaplanoglu က ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်သည် တရုတ်နှင့်ဒေသတွင်း အရေးကြီး ဆုံးရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်များအတွက် ပိုမိုများပြားသော ရှုထောင့်များ ဖန်တီးပေးကြောင်း မကြာခင်က ရှန်ဟိုင်း မြို့၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

Semih Kaplanoglu သည် တူရကီနာမည်ကြီးရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်သည်။ ၂၀၀၁ခုနှစ်တွင် ရိုက်ကူးထားသော ပထမဆုံးရုပ်ရှင်ကား Away From Home သည် စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော် အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့သည်ဟုသိရသည်။

   Webradio