• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ပြင်သစ် ဝန်ကြီးချုပ် ဖစ်လစ် တွေ့ဆုံ

(GMT+08:00) 2018-06-25 15:13:16

        ယခုလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်  ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိနေသော ပြင်သစ် ဝန်ကြီးချုပ် အက်ဒဝါ-ဖစ်လစ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က ဝန်ကြီးချုပ် ဖစ်လစ်၏ တရုတ်ခရီးစဉ်ကို ကြိုဆိုကြောင်း၊ လွန်ခဲ့သည့် နှစ်ဝက်အတွင်းတွင် ပြင်သစ်သမ္မတ မက္ကရွန်နှင့် ဝန်ကြီးချုပ် ဖစ်လစ်၏ တရုတ်ခရီးစဉ်များသည် ပြင်သစ်နိုင်ငံ၏ တရုတ်-ပြင်သစ် ဆက်ဆံမှုအပေါ် အလေးထားခြင်းကို ဖော်ပြကြောင်း၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံတို့သည် ဘက်စုံ မဟာဗျူဟာ မိတ်ဘက်ဖြစ်၍ အပြန်အလန်ယုံကြည်ပြီး တန်းတူညီမျှစွာ ဆက်ဆံကာ အမြုတေအကျိုးစီးပွားနှင့် အရေးကြီး အာရုံစိုက်မှုများကို အပြန်အလှန် အလေးထားရမည် ဖြစ်ကြောင်း ပြောကြားသည်။

        ဝန်ကြီးချုပ် ဖစ်လစ်က ယခုနှစ် နှစ်ဆန်းပိုင်းက သမ္မတ မက္ကရွန်၏ အောင်မြင်သော တရုတ်ခရီးစဉ်သည် ပြင်သစ်-တရုတ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးခြင်းကို ပြသကြောင်း၊ ပြင်သစ်နိုင်ငံအနေနှင့် ပြင်သစ်-တရုတ် ဆက်ဆံမှုအပေါ် ယုံကြည်စိတ်ရှိကြောင်း၊ Belt and Road အဆိုပြုချက်သည် အနာဂတ်ကို မျက်နှာမူသော ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက် တစ်ရပ် ဖြစ်ပြီး လူသားတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ပြောကြားသည်။

   Webradio