• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀ကြိမ်မြောက် တရုတ်၊ဂျပန်၊တောင်ကိုးရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို စူးကျိုးမြို့၌ ကျင်းပ

(GMT+08:00) 2018-06-25 13:39:15

၂၀ကြိမ်မြောက် တရုတ်၊ဂျပန်၊တောင်ကိုးရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အစည်း အဝေးကို ဇွန်လ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ တရုတ်ပြည် စူးကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး လီကန့်ကျယ်၊ ဂျပန် ပတ်ဝန်းကျင်ဝန်ကြီး Nakagawa Masaharu နှင့် တောင်ကိုးရီးယား ပတ်ဝန်းကျင် ဝန်ကြီး Kim Eun-kyungတို့သည် ကိုယ်စားလှယ်အဖွဲ့ကို အသီးသီး ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ကာ တရုတ်၊ ဂျပန်၊ တောင် ကိုးရီးယား ပတ်ဝန်းကျင်ပူးပေါင်းဆောင်ရွက်ရေး၏ ဖွံ့ဖြိုးမှုရှေ့အလားအလာနှင့် အနာဂတ် ဖွံ့ဖြိုးရေးဦးတည်ချက်နှင့်ပတ်သက်ပြီး မျှော်မှန်း၊လေ့လာဆွေးနွေးခဲ့ကြ၍ ၂၀ကြိမ်မြောက် တရုတ်၊ဂျပန်၊ တောင်ကိုးရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး ပူးတွဲ ကြေညာစာတမ်းကို အတည်ပြုချုပ်ဆိုခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio