• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်္ဂလန်အသင်း စံချိန်ဂိုးတွေနှင့် ပနားမားကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်

(GMT+08:00) 2018-06-25 12:02:57

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်တွေကို မနေ့ညက ဆက်လက်ကျင်းပခဲ့ရာ အုပ်စု(G)မှ အင်္ဂလန်အသင်းက ပနားမားအသင်းကို (၆)ဂိုးတစ်ဂိုးနှင့် အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးတွေကို အသင်း ခေါင်းဆောင် Harry Kane က (၃)ဂိုး၊  John stones က (၂)ဂိုးနှင့် Jesse Ligard က(၁)ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပနားမားအတွက် ချေပဂိုးတစ်ဂိုးကိုတော့ Felipe Baloy က သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် တစ်ပွဲကစားဖို့အကျန်နဲ့ နောက် တစ်ဆင့်ကို စောစီးစွာတက်ရောက်သွားပြီဖြစ်ပါတယ်။ အလားတူ ဘယ်လ်ဂျီယံအသင်း လည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ပနားမားအသင်းနှင့် တူနီးရှားအသင်းတို့ ကတော့ အုပ်စုအဆင့်နဲ့ပဲ ပြိုင်ပွဲက ထွက်ခွါခဲ့ရပြီဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အခြားပွဲစဉ်တွေမှာတော့ အုပ်စု(H)မှ ဂျပန်အသင်းနှင့် ဆီနီဂေါအသင်းတို့က တစ်ဘက်(၂)ဂိုးစီနှင့် သရေကျခဲ့ပြီး ပိုလန်အသင်းနှင့် ကိုလံဘီယာ အသင်းတို့ ပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းက (၃)ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

ဒီကနေ့ညမှာတော့ အုပ်စုအဆင့် တတိယပွဲစဉ်တွေအဖြစ် အုပ်စု(A)မှ ဥရုဂွေး နှင့် ရုရှား၊ ဆော်ဒီအာရေဗျနှင့် အီဂျစ်၊ အုပ်စု(B)မှ အီရန်အသင်းနှင့် ပေါ်တူဂီ အသင်းတို့ ကစားကြမှာဖြစ်တယ်လို့ သိရပါတယ်။

   Webradio