• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းကြွေဆုများ ချီးမြှင့်

(GMT+08:00) 2018-06-25 09:25:03

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းကြွေဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယခုလ ၂၄ ရက်နေ့ညက ရှန်ဟိုင်း ဇတ်ရုံကြီး၌ ကျင်းပခဲ့ကြောင်း၊ ဆွစ်ဇာလန်နှင့် မွန်ဂိုးလီးယားတို့ ပူတွဲ ရိုက်ကူးသော Out of Paradise ရုပ်ရှင်ကားသည် ကျင်းကြွေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ကြောင်း၊ တရုတ် Ala Changso ရုပ်ရှင်ကားသည် ဒိုင်လူကြီး ကော်မတီဆုနှင့် အကောင်းဆုံး  ဇာတ်ညွှန်းဆုကို ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကျူးဘားနှင့် ကနေဒါတို့ ပူးတွဲ ရိုက်ကူးသော A translator ရုပ်ရှင်ကားသည် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိပြီး day's Child ရုပ်ရှင်ကားမှ အမေရိကန် ဇာတ်ဆောင် Tye Sheridan သည် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ကြောင်း၊ Tadoussac ရုပ်ရှင်ကားမှ ကနေဒါ ဇာတ်ဆောင် Isabelle Blais သည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ် Ala Changso ရုပ်ရှင်ကားမှာ တရုတ်ပြည် ရှီးဇန့်နယ်၌ ထူးခြားသော ဘုရား ရှိခိုးရန် ခရီးစဉ် တစ်ကြိမ်ကို သရုပ်ဖေါ်ပြထားပါသည်။

   Webradio