• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်း အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို နိုင်ငံခြား ပညာရှင်များ ချီးကျူး

(GMT+08:00) 2018-06-25 09:20:16

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်း အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ပြည်၏ နိုင်ငံခြားရေး လုပ်ငန်း၌ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် နိုင်ငံခြားရေး အတွေးအခေါ်ကို လမ်းညွှန်မှု အဖြစ် ထားခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး အခြေအနေသစ်ကို ကြိုးကြိုးစားစား ဖန်တီးရမည် ဖြစ်ကြောင်း စသဖြင့် ပြောကြားပါသည်။

နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များက၊ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် တရုတ်ပြည်၏ နိုင်ငံခြားရေး မူဝါဒများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လက်တွေ့ကျ ဆောင်ရွက်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းမည် ဖြစ်ပြီး နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲမှုတွင် ပါဝင် ဦးစီး ဆောင်ရွက်မည် ဖြစ်ကာ လူသား ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရန် ရည်မှန်းချက် ဖေါ်ဆောင်နိုင်မည်ဟု ယုံကြည် ပါကြောင်း ယူဆကြပါသည်။

   Webradio