• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂူတာရက်စ်သည် ရဲ ထိပ်သီးအစည်းအဝေး တက်ရောက်သော တရုတ်ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00) 2018-06-24 10:04:38

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ယခုလ ၂၂ ရက်နေ့က နယူးယောက်မြို့၌ ကုလသမဂ္ဂ ဒုတိယအကြိမ် ရဲ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် နေသော တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းအတွက် တရုတ်ပြည်၏ အရေးကြီး အကျိုးပြု စွမ်းဆောင်မှုများကို ချီးကျူးခဲ့ကြောင်း သိရပါသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှောင်ဟုန်က၊ တရုတ်နိုင်ငံသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ ရရှိသော အရေးကြီး သဘောတူညီမှုများကို တက်ကြွစွာ အကောင်အထည် ဖေါ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio