• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇာဘာဘွေ သမ္မတ၏ မဲဆွယ်စည်းရုံးပွဲတွင် ဗုံးဖေါက်ခွဲမှု ဖြစ်ပွါး

(GMT+08:00) 2018-06-24 09:54:38

ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့က ဇင်ဘာဘွေ သမ္မတ မနမ်ဂါဂ်ဝါ၏ မဲဆွယ် စည်းရုံးပွဲ တစ်ခုတွင် ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ရာ ဒုသမ္မတ အပါအဝင် အရာရှိများနှင့် အရပ်သူအရပ်သားများ ဒဏ်ရာ ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲကို လာမည့်လ ၃၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

ဇင်ဘာဘွေ နိုင်ငံဆိုင်ရာ တရုတ် သံရုံးသည် ကြေညာချက် ထုတ်ပြန်ပြီး ဗုံးပေါက်ကွဲမှုတွင် တရုတ် အနွယ်ဖွား ဒဏ်ရာရရှိခြင်း မရှိကြောင်း အတည်ပြု ပြောကြား ခဲ့ပါသည်။

   Webradio