• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်သူ့ နေ့စဉ်သတင်းစာတွင် ရှီကျင့်ဖိန်၏ သံတမန်ရေး အတွေးအခေါ်ဆိုင်ရာ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2018-06-24 09:29:03

တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာသည် ယခုလ ၂၄ ရက်နေ့က ဆောင်းပါး တစ်ပုဒ် ထုတ်ပြန်ခဲ့ကြောင်း၊ ဆောင်းပါး၏ ခေါင်းစဉ်မှာ ရှီကျင့်ဖိန်၏ သံတမန်ရေး အတွေးအခေါ်သည် ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး၏ အရင်းခံ ဆောင်ရွက်ရေး ဦးတည်ချက်နှင့်မူ ဖြစ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်း အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို အကောင်အထည်ဖေါ်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင် ယခုအကြိမ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်း အစည်းအဝေးတွင် အရေးအကြီးဆုံး အောင်ကျိုးရလဒ်မှာ တရုတ်ပြည်၏ နိုင်ငံခြားရေး လုပ်ငန်း၏ အရင်းခံ ဆောင်ရွက်ရေး ဦးတည်ချက်နှင့်မူ ဖြစ်သည့် ရှီကျင့်ဖိန်၏ သံတမန်ရေး အတွေးအခေါ်ကို ချမှတ်ခြင်းပင် ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားပါသည်။

   Webradio