• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး အခြေအနေသစ်ကို ဖန်တီးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-06-24 09:19:06

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်း အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်ပြည်၏ နိုင်ငံခြားရေး လုပ်ငန်း၌ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် နိုင်ငံခြားရေး အတွေးအခေါ်ကို လမ်းညွှန်မှု အဖြစ် ထားခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ အခြေအနေနှင့် ပတ်သက်၍ တစ်ခုလုံး ခြုံပြီး စီမံခန့်ခွဲရမည် ဖြစ်ကြောင်း၊ အမျိုးသား ရှင်သန်ရေးနှင့် လူသား ဖွံ့ဖြိုးတိုးတက်ရေးကို စွဲစွဲမြဲမြဲ အဓိကရ အဖြစ် ထားရမည် ဖြစ်ကြောင်း၊ လူသား ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံရေး၊ ဖွံ့ဖြိုးမှု ဆိုင်ရာ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲမှုတွင် တက်ကြစွာ ပါဝင် ဦးစီးရမည် ဖြစ်ကြောင်း၊ ပိုမို ပြည့်စုံကောင်းမွန်သော နိုင်ငံတကာ မိတ်ဖက်ဆက်ဆံမှု ကွန်ရက်ကို တည်ထောင်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး အခြေအနေသစ်ကို ကြိုးကြိုးစားစား ဖန်တီးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio