• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road မိုးလေဝသလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နှင့် WMO ဆက်လက်တိုးမြှင့်မည်

(GMT+08:00) 2018-06-23 17:29:44

        တရုတ် မိုးလေဝသဌာနနှင့် ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO)တို့သည် ယခုလ ၂၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဇာမြို့၌ Belt and Road မိုးလေဝသလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကျင်းပခဲ့ရာ တရုတ် မိုးလေဝသဌာနနှင့် ကမ္ဘာ့ မိုးလေဝသအဖွဲ့တို့၏ ဒေသတွင်း မိုးလေဝသလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် Belt and Road ပူးတွဲတည်ဆောက်ရေးဆိုင်ရာ စာချွန်လွှာ ချုပ်ဆိုခဲ့သည့် တစ်နှစ်အတွင်း ရရှိခဲ့သော အောင်ကျိုးရလဒ်များကို မိတ်ဆက်ပေးခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ယင်းစာချွန်လွှာထဲမှ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ပြီး Belt and Road မိုးလေဝသလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကြမည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio