• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ် လူငယ်များအဖွဲ့ ၁၈ကြိမ်မြောက် ညီလာခံကို ဇွန်လ ၂၆ရက်နေ့မှ ၂၉ ရက်နေ့အထိ ပီကင်း၌ ကျင်းပ

(GMT+08:00) 2018-06-23 17:29:23

        တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ တရုတ်ကွန်မြူနစ် လူငယ်များအဖွဲ့ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပီကင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ယင်းညီလာခံ၏ ပြင်ဆင်ရေးလုပ်ငန်းများသည် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်းညီလာခံတွင် ၁၇ ကြိမ်မြောက် တရုတ်ကွန်မြူနစ် လူငယ်များအဖွဲ့ ဗိဟိုကော်မတီ၏ အစီရင်ခံစာကို ကြားနာစစ်ဆေးပြီး စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ကာ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ် လူငယ်များအဖွဲ့ ဗိဟိုကော်မတီကို ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio