• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Respeto ရုရှင်ကားတွင် ဖိလစ်ပိုင် rap ယဉ်ကျေးမှုကို ပြသထားသည်ဟု ဒါရိုက်တာအယ်လ်ဘယ်တို ဆို

(GMT+08:00) 2018-06-23 14:08:37

     ၂၁ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော် အာရှတိုက်တက်သစ်စရုပ်ရှင်ပုဂ္ဂိုလ်ဆု ချီးမြှင့်ပွဲကို ယမန်နေ့ ၂၂ ရက်နေ့ညက ကျင်းပခဲ့သည်။ ဖိလစ်ပိုင်ရုပ်ရှင်ကား Respeto သည် အကောင်းဆုံး ဒါရိုက်တာ၊ အကောင်း ဆုံးအမျိုးသားသရုပ်ဆောင် ဆုနှစ်ခု အမည်စာရင်းတင်သွင်းခံရသည်။ ၄င်းရုပ်ရှင်ကား၏ အဓိကဇာတ်ဆောင်ဖြစ်သည့် အာဘရာသည် ဖိလစ်ပိုင်နာမည်ကျော် rap အဆိုတော်ဖြစ်ပြီး Respeto ရုပ်ရှင်ကားဖြင့် ဖိလစ်ပိုင်ရုပ်ရှင်လောက နာမည်အကြီးဆုံးသော Gawad Urian ရုပ်ရှင်မင်းသားဆု ရရှိခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio